
April 10, 2025.
တရုပ်က အမေရိကန်ကို စည်းကြပ်ခွန် ၁၂၅% အထိ တိုးမြှင့်ကောက်ခံမယ်လို့ ထုတ်ပြန်လိုက်ပါတယ်။ “အမေရိကန်က တရုပ်နိုင်ငံကို အမှန်တကယ် ထိခိုက်နစ်နာအောင် ဆက်လက်လုပ်ဆောင်မယ်ဆိုခဲ့ရင် တရုပ်ဘက်ကလည်း ပြတ်ပြတ်သားသား တုံ့ပြန်ပြီး အဆုံးထိ တိုက်ပွဲဝင်သွားမယ်” လို့ ဖော်ပြတယ်။ ကမ္ဘာ့စီးပွါးရေးအင်အား အကြီးဆုံး ၂ နိုင်ငံရဲ့ ကုန်သွယ်ရေးစစ်ပွဲကြောင့် ကမ္ဘာ့စီးပွါးရေးကပ်ဘေးကြီး ကျရောက်လာမှာကို တကမ္ဘာလုံး စိုးရိမ်နေကြတယ်။ ဥရောပငွေလဲစင်တာတွေမှာ အမေရိကန်ဒေါ်လာတန်ဖိုးဟာ သမိုင်းတွင်လောက်အောင် ကျဆင်းနေပါတယ်။ ဘောဂဗေဒနဲ့မဟာဗျူဟာပညာရှင် Mikael Olai Milhøj က “အမေရိကန်စီးပွါးရေး ယိုင်နဲ့ပြီး မသေမချာဖြစ်နေတာက ဒေါ်လာစျေးကို ကျဆင်းစေတယ်” လို့ သုံးသပ်တယ်။