အင်းတော်မြို့နယ်ကို တော်လှန်ရေးတပ်များက အပြီးသတ်သိမ်းပိုက်၊ မြို့ကို သိမ်းပိုက်နိုင်ရန် ရှစ်လကြာမြင့်ခဲ့။

ဧပြီ ၈၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ဦးဆောင်သော တော်လှန်ရေးတပ်များက အပြီးသတ်တိုက်ခိုက် သိမ်းပိုက်လိုက်ပြီဖြစ်သည်။
ယမန်နေ့ ဧပြီ ၇ ရက် ညပိုင်းတွင် အင်းတော်မြို့ကို တော်လှန်ရေးတပ်များက အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။
မြို့ကို သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်ဘက်က လေကြောင်းတိုက်ခိုက်မှု အကြိမ် (၆၀) နီးပါးအထိ ဆက်တိုက် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
အင်းတော်မြို့ကို ၂၀၂၄ ခုနှစ် ဩဂုတ်လ (၁၆) ရက်မှစ၍ KIA ဦးဆောင်သော တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ရှစ်လအကြာတွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။
ဩဂုတ်လ (၂၄) ရက်တွင် အင်းတော်မြို့ရဲစခန်း၊ ထွေ/အုပ်ရုံး၊ နဘားလမ်းဆုံနှင့် နဘားရွာဘုန်းကြီးကျောင်းရှိ စစ်စခန်းများကို တော်လှန်ရေးတပ်များက တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည်။