
အတာသင်္ကြန်
သတင်းထုတ်ပြန်ချက်
နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီရို
၂၀၂၅ ဧပြီ ၁၃
၂၀၂၅ မြန်မာ အတာသင်္ကြန်ပွဲတော်နှင့် နှစ်သစ်ကူးအခါသမယ
မြန်မာနှစ်သစ်ကူး သင်္ကြန်အခါသမယကို ကြိုဆိုသည့်အနေဖြင့် မြန်မာပြည်သူများ ကောင်းခြင်းမင်္ဂလာများနှင့် ပြည့်စုံပါစေကြောင်း၊ မြန်မာပြည်သူများအတွက် အမေရိကန်ပြည်ထောင်စုကိုယ်စား မိမိပြောကြားလိုပါသည်။
သင်္ကြန်ဆိုသည်မှာ အတိတ်ကိုပြန်ပြောင်းဆင်ခြင်ပြီး ပိုမိုကောင်းမွန်သည့်အနာဂတ်ကို မျှော်လင့်ကြသည့် ကာလတစ်ခုဖြစ်ပါသည်။ ယခုနှစ်တွင် မတ် ၂၈ ငလျင်အပြီး၌ ဝမ်းနည်းပူဆွေးမှုနှင့် ပျက်စီးဆုံးရှုံးမှုများတွေ့ကြုံခဲ့ကြရသည့် လူ ပေါင်းများစွာနှင့်အတူ မိမိတို့ တစ်ပေါင်းတစ်စည်းတည်း ရှိနေပါသည်။ ဤခက်ခဲသောကာလအတွင်း မြန်မာပြည်သူများနှင့်အတူ အမေရိကန်ပြည်ထောင်စုက တစ်သားတည်းရပ်တည်နေပါသည်။ အသက်ကယ်ဆယ်ရေးဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပေးအပ်ခြင်းနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ ကြိုးပမ်းမှုများကို ပေးအပ်ရာတွင် နိုင်ငံတကာအသိုက်အဝန်းနှင့် မိမိတို့ ဆက်လက်ပူးပေါင်းသွားပါမည်။
ယခုကဲ့သို့ အခက်အခဲနှင့် ရင်ဆိုင်ရသည့်အခါ မြန်မာပြည်သူများ၏ သတ္တိနှင့် သဒ္ဓါတရားတို့မှာ ယခင်ထက်ပင် ပိုမိုထင်ရှားပေါ်လွင်လှပါသည်။ အသစ်တဖန်ဖြစ်တည်ခြင်းနှင့် ပိုမိုကောင်းမွန်သည့် မနက်ဖြန်အတွက် မျှော်လင့်ချက်များကို င်္သကြန်က မိမိတို့ကို ဆင်ခြင်မိစေပါသည်။ မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိရန် လုပ်ဆောင်နေသူများကို အားပေးကူညီသွားရန် မိမိတို့ ဆက်လက်သံန္နိဋ္ဌာန်ချထားပြီး ဒေသတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးတို့အတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။
ယခုသင်္ကြန်အခါသမယနှင့်အတူ နှစ်သစ်တွင် မြန်မာပြည်သူများအားလုံးအတွက် မျှော်လင့်ချက်နှင့် သတ္တိခွန်အားများ သယ်ဆောင်လာပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါသည်။
###
On Thingyan
PRESS STATEMENT
MARCO RUBIO, SECRETARY OF STATE
April 13, 2025