

အင်းတော် မြို့သိမ်းအောင်ပွဲကနေ သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းတွေထဲမှာ ၂၀၂၅ ခုနှစ်ထုတ်တဲ့ ဗုံးသီးတွေ တွေ့ရပါတယ်။
အရှေ့ကာလမှာလည်း video တစ်ခု တွေ့တယ်။ တပ်ဖွဲ့ဝင်တစ်ယောက်က ရှင်းပြထားတယ်။ ၂၀၂၅ ခုနှစ် ၁ လပိုင်း ၁၈ ရက်နေ့ထုတ် ဗုံးသီးကို ၃၀ ရက်နေ့ ၁ လပိုင်းမှာ လာကြဲတယ်ဆိုတဲ့အကြောင်းပြောထားတယ်။ ၁၂ ရက်ပဲကွာတယ်။ ထုတ်လုပ်ရက်စွဲကို ဗုံးခွံပေါ်မှာ မသိစေချင်လို့ မှုတ်ဆေးနဲ့ ဖုံးထားတယ်။
လွန်ခဲ့တဲ့ တစ်လကျော်လောက်မှာလည်း တပ်ဖွဲ့တွေသိမ်းလို့ရတဲ့စခန်းကုန်းတစ်ခုကနေ ကျည်တွေရတယ်။ တော်တော်များများက ၂၀၂၅ ခုနှစ် ထုတ်တဲ့ကျည်တွေချည်းပဲတဲ့။
ပြောချင်တာက စကစအနေနဲ့ ခဲယမ်းကို အလျဥ်မီအောင် မနည်းထုတ်လုပ်နေရပြီ ဆိုတာပါပဲ။
ဒါနဲ့တစ်ဆက်တည်း ပြောရရင် အခုချိန် စကစအတွက် အသက်တမျှအရေးကြီးနေတဲ့နေရာတွေဟာ ကပစလို့ခေါ်တဲ့ ကာကွယ်ရေးပစ္စည်းထုတ်လုပ်တဲ့ စက်ရုံတွေပါပဲခင်ဗျာ။