
ယူကရိန်းကို ကျူးကျော်တိုက်ခိုက်နေတဲ့ စစ်ပွဲမှာ ရုရှားကို အဓိက ကူညီပံ့ပိုးပေးနေသူဟာ တရုတ်နိုင်ငံဖြစ်တယ်လို့ အမေရိကန်က ပြော
၈ ဧပြီ ၂၀၂၅
ယူကရိန်းကိုတိုက်ခိုက်နေတဲ့စစ်ပွဲမှာ ရုရှားကို အဓိက ကူညီပံ့ပိုးနေတဲ့ နိုင်ငံဟာ တရုတ်နိုင်ငံ ဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီး တမ်မီ ဘရုစ်က ဧပြီလ ၈ ရက် ဝါရှင်တန်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းပွဲမှာ ပြောလိုက်ပါတယ်။
ယူကရိန်းစစ်မြေပြင်မှာ ရုရှားတပ်တွေဘက်က ပါဝင်တိုက်ခိုက်နေတဲ့ တရုတ်နိုင်ငံ သား စစ်သား ၂ ဦးကို ယူကရိန်းက ဖမ်းမိထားတယ်ဆိုတဲ့သတင်းကို အမေရိကန်အနေနဲ့ သိထားပြီးဖြစ်တယ်လို့ တမ်မီ ဘရုစ်က ဆိုပါတယ်။ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်နေတဲ့စစ်ပွဲမှာ ရုရှားဘက်ကနေ မြောက်ကိုရီးယားတပ်သားတွေမက တရုတ်တွေပါ ပါဝင်လာ တာဟာ စိုးရိမ်စရာအခြေအနေဖြစ်တယ်လို့ တမ်မီ ဘရုစ်က ပြောပါတယ်။
ရုရှားအနေနဲ့ ယူကရိန်းကို ဆက်လက် တိုက်ခိုက်နိုင်ဖို့ စစ်လက်နက်တွေထုတ်လုပ်နေနိုင်ဖို့လိုသလို အဆိုပါလက်နက်တွေ ထုတ်လုပ်နိုင်ဖို့အတွက် လိုအပ်နေတဲ့ ပစ္စည်း ၈၀ ရာခိုင်နှုံးနီးပါးဟာ တရုတ်နိုင်ငံက လာတာဖြစ်တယ်လို့လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီး တမ်မီ ဘရုစ်က ပြောသွားပါတယ်။